Prevention & Treatment

အသည်းရောင်အသားဝါ(ဘီ)ပိုး

အသည်းရောင်အသားဝါ(ဘီ)ပိုးသည် ကူးစက်နိုင်သောရောဂါများအနက် ထိပ်ဆုံး (၁၀)မျိုးတွင် အဆင့်(၇)၌ရှိနေပြီး လူသားအားလုံး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက် လျက်ရှိနေသည်။ အသည်းရောင်အသားဝါ(ဘီ)ပိုးသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်အား ရောဂါပိုးကူးစက်စေခဲ့ပြီး သန်း(၄၀ဝ)ခန့်မှာ လက်ရှိရောဂါပိုးသယ်ဆောင်ထားသည့် အခြေ အနေတွင်ရှိနေသည်။ မြန်မာနိုင်ငံသည် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်နိုင်မှုအခြေ အနေအများဆုံးနိုင်ငံများထဲတွင်ပါဝင်လျက်ရှိပြီး လူဦးရေ၏ (၁၀-၁၂)ရာခိုင်နှုန်းခန့်မှာ အသည်း ရောင်အသားဝါ(ဘီ)ပိုး လက်ရှိသယ်ဆောင်ထားသည့် အခြေအနေတွင်ရှိနေသည်။ နှစ်စဉ် လူလေးသန်းခန့်မှာ အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်မှုခံနေကြရပြီး လူတစ်သန်း ခန့်မှာ အသည်းရောင်အသားဝါ(ဘီ)ပိုး၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် အသည်း ခြောက်ရောဂါ( ဗိုက်ပူ၊ ရေဖျဉ်စွဲ၊ အစာမြိုပြွန်သွေးကြောထုံးပေါက်၍ သွေးအန်၊ သွေးဝမ်း မဲမဲသွား၊ သတိလစ်၊ မေ့မျော၊ ကျောက်ကပ်ပျက်စီး) ဖြစ်စေခြင်း၊ အသည်းကင်ဆာရောဂါ ဖြစ်စေခြင်းများဖြင့် နှစ်စဉ်သေဆုံးလျက်ရှိနေပါသည်။

အသည်းရောင်အသားဝါ(ဘီ)ပိုး မကူးစက်အောင်ကာကွယ်ရန်

ထိုသို့ကြောက်စရာကောင်းသည့် အသံတိတ်လူသတ်သမားကို မိမိတွင် အသည်းရောင် အသားဝါ(ဘီ)ပိုး ရှိ/မရှိ၊ (ဘီ)ပိုးကာကွယ်ဆေးထိုးရန်လို/မလိုစစ်ဆေး၍ (ဘီ)ပိုးမရှိ၊ ကာ ကွယ်ဆေးထိုးရန်လိုအပ်ပါက ကာကွယ်ဆေး(၃)ကြိမ်ပြည့်အောင်ထိုး၍ (ဘီ)ပိုးမကူးစက် အောင် ကာကွယ်ထားနိုင်ပါသည်။ ကာကွယ်ဆေးအားလုံးထိုးပြီး (၂)အကြာတွင် (ဘီ)ပိုး ကာကွယ်ဆေး အောင်/မအောင် (HBs Ab Quantitative) ပြန်လည်စစ်ဆေးရမည် ဖြစ်ပြီး (HBs Ab> 10) ဖြစ်ပါက ကာကွယ်ဆေးအောင်ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် (ဘီ)ပိုး ကူးစက်နိုင်မှုအခြေအနေအများဆုံးနိုင်ငံများထဲတွင် ပါဝင်နေသည့်အတွက် (ဘီ)ပိုး ကာကွယ် ဆေးအောင်သည့်အခြေအနေကို စိတ်အချရဆုံးအခြေအနေ(HBs Ab> 500) တွင် Booster Dose ထိုးပြီးထားသင့်ပါသည်။
အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်စေသည့်နည်းလမ်းများကိုလည်း သိရှိထား ပြီး အသိတရားနှင့် သတိထားရှောင်ကြဉ်သင့်ပါသည်။

အသည်းရောင်အသားဝါ(ဘီ)ပိုးကူးစက်စေသည့်နည်းလမ်းများ

အသည်းရောင်အသားဝါ(ဘီ)ပိုး အများဆုံးကူးစက်စေသည့်နည်းလမ်းမှာ (ဘီ)ပိုး ရှိသောမိခင်မှ ကလေးသို့မီးဖွားချိန်တွင် ကူးစက်စေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ဝန် ဆောင်မိခင်များ (ဘီ)ပိုး ရှိ/မရှိ စစ်ဆေးသင့်ပြီး ကာကွယ်ဆေးထိုးရန်လိုအပ်ပါက ကာကွယ် ဆေးထိုးထားရမည်။ (ဘီ)ပိုး ရှိနေသူဖြစ်ပါက ဆရာဝန်နှင့်စနစ်တကျပြသ၍ လိုအပ်သည့် အချိန်တွင် ဆေးသောက်ခြင်း၊ ကလေးအားမွေးပြီးပြီးချင်း ကာကွယ်ဆေးနှစ်မျိုး တပြိုင် တည်းထိုးခြင်းများပြုလုပ်၍မိခင်မှကလေးသို့မကူးစက်အောင် ကာကွယ်တာဆီးနိုင်ပါသည်။
အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်စေသည့်အခြားနည်းလမ်းများမှာ (ဘီ)ပိုးရှိသူ ၏သွေးကိုသွင်းမိခြင်း၊ (ဘီ)ပိုးရှိသူ သုံးစွဲပြီးသား ဆေးထိုးအပ်အား အသုံးပြုမိခြင်း၊ အပ်ဆူး မိခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ နားဖောက်၊ ဆေးအပ်စိုက်၊ ခေါင်းရိတ်၊ မုတ်ဆိတ်ရိတ်၊ မူးယစ်ဆေးဝါးအကြောဆေးသွင်းသုံးစွဲခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ သွားနှုတ်သွားစိုက် ကိစ္စများ ပြုလုပ်မိခြင်းစသည့် သွေးနှင့်တိုက်ရိုက် ထိတွေ့စေနိုင်သည့် နည်းလမ်းများမှ တဆင့် အသည်းရောင်အသားဝါ(ဘီ)ပိုးကူးစက်စေနိုင်ပါသည်။ (ဘီ)ပိုးရှိသူ ၏ခန္ဓာကိုယ်ရှိ အကျိအချွဲ၊ အရည်များနှင့် ထိတွေ့ရာမှတဆင့်လည်း ကူးစက်စေနိုင်ပါသည်။ သွေးနှင့် တိုက်ရိုက်ထိတွေ့စေနိုင်သည့်နည်းလမ်းများလောက် ကူးစက်မှုရာခိုင်နှုန်းမများပါ။ (ဘီ)ပိုးရှိ သူတွင်(ဘီ)ပိုးအကောင်ရေ ပွားများနေသည့်အခြေအနေတွင်ရှိနေခြင်း၊ သွေးမှတဆင့်ထိတွေ့ မှုဖြစ်သွားစေခြင်းစသည့် အခြေအနေတို့တွင် (ဘီ)ပိုးကူးစက်သွားနိုင်ရန် ရာခိုင်နှုန်းပိုများ စေပါသည်။ 

အသည်းရောင်အသားဝါ(စီ)ပိုး

ကမ္ဘာ့လူဦးရေ၏(၃)ရာခိုင်နှုန်းခန့်(သန်း၁၇၀ခန့်)မှာ အသည်းရောင် အသားဝါ(စီ)ပိုး ကူးစက် ခံရပြီးဖြစ်ပါသည်။ အရှေ့တောင်အာရှဒေသသည် အသည်းရောင်အသားဝါ(စီ)ပိုး ကူးစက်မှု အများဆုံးစာရင်းထဲတွင်ပါဝင်လျက်ရှိပြီး လူဦးရေ(၃၅)သန်းခန်မှာ အသည်းရောင်အသားဝါ (စီ)ပိုး ကူးစက်ခံနေပြီး ဖြစ်ပါသည်။
အသည်းရောင်အသားဝါ(စီ)ပိုးသည် မသိလိုက်ပဲအချိန်မရွေး ရောဂါပိုးကူးစက်မှု ဖြစ် သွားနိုင်ပါသည်။ အသည်းရောင်အသားဝါ(စီ)ပိုးသည် ကူးစက်သွားသော်လည်း မည်သည့် လက္ခဏာမှမပြတတ်ပဲ အသည်းခြောက်ရောဂါ( ဗိုက်ပူ၊ ရေဖျဉ်စွဲ၊ အစာမြိုပြွန်သွေးကြောထုံး ပေါက်၍ သွေးအန်၊ သွေးဝမ်းမဲမဲသွား၊ သတိလစ်၊ မေ့မျော၊ ကျောက်ကပ် ပျက်စီး) ဖြစ်စေ ခြင်း၊ အသည်းကင်ဆာရောဂါဖြစ်သွားသည့် အချိန်ရောက်မှသာ အသည်းရောင်အသားဝါ (စီ)ပိုးရှိနေမှန်းသိလိုက်ရသည်က အများစုပင်ဖြစ်သည်။ ထို့ကြောင့် အသည်းရောင်အသားဝါ (စီ)ပိုးသည် ရက်စက်သောအသံတိတ်လူသတ်သမား စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လျက်ရှိနေပါသည်။

အသည်းရောင်အသားဝါ(စီ)ပိုး မကူးစက်အောင်ကာကွယ်ရန်

အသည်းရောင်အသားဝါ(စီ)ပိုး မကူးစက်စေရန်အတွက် ကာကွယ်ပေးထားနိုင်သော ကာကွယ်ဆေးမရှိသေးပါ။ ကာကွယ်ဆေးမရှိသေးသော်လည်းကူးစက်စေနိုင်သည့်နည်းလမ်း များကိုသိရှိနားလည်ထား၍ မကူးစက်အောင် အသိတရားနှင့်သတိထားရှောင်ကြဉ် ကာကွယ် ရပေမည်။ (စီ)ပိုးမကူးစက်နိုင်အောင် ရာခိုင်နှုန်းပြည့်မကာကွယ်ထားနိုင်သည့်အတွက် (စီ)ပိုး အား ကူးစက်ခဲ့ခြင်း ရှိ/မရှိ အခါအားလျော်စွာ အနည်းဆုံး(၃)နှစ်မှ(၅)နှစ်ကြာ တစ်ကြိမ် စစ်ဆေးနေသင့်ပါသည်။
အသည်းရောင်အသားဝါ(စီ)ပိုးကူးစက်စေသည့်နည်းလမ်းများ
အဓိကအားဖြင့်(စီ)ပိုးရှိသူ၏သွေးနှင့်ထိတွေ့ရာမှ (စီ)ပိုးကူးစက်နေခြင်းပင်ဖြစ်သည်။ (စီ)ပိုးရှိသော သွေးသွင်းမိခြင်း၊ (စီ)ပိုးရှိသူသုံးစွဲပြီးသား ဆေးထိုးအပ်အား အသုံးပြုမိခြင်း၊ အပ်ဆူးမိခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ နားဖောက်၊ ဆေးအပ်စိုက်၊ ခေါင်းရိတ်၊ မုတ်ဆိတ် ရိတ်၊ မူးယစ်ဆေးဝါးအကြောဆေးသွင်းသုံးစွဲခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ သွားနှုတ်သွား စိုက်ကိစ္စများ ပြုလုပ်မိခြင်းတို့သည် သွေးနှင့်တိုက်ရိုက် ထိတွေ့စေနိုင်သည့် နည်းလမ်းများမှ တဆင့် အသည်းရောင်အသားဝါ(စီ)ပိုးကူးစက်စေရန် အဓိကဖြစ်စေနိုင်သည့် နည်းလမ်းများ ပင်ဖြစ်သည်။ မိခင်မှကလေးသို့ကူးစက်မှု၊ လိင်တူလိင်ကွဲဆက်ဆံမှုတို့မှ ကူးစက်မှုဖြစ်နိုင် သော်လည်း (ဘီ)ပိုးလောက် ရာခိုင်နှုန်းမများလှပေ။ မိသားစုအတွင်း၊ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းအတွင်း အတူတကွနေထိုင်စားသောက်၊ ပွတ်သတ်၊ ပွေ့ဖက်၊ နမ်းရှုတ်ခြင်း တို့မှ မကူးစက်နိုင်ပါ၍ ပုံမှန်အတိုင်းနေထိုင်သွားလာလှုပ်ရှားနိုင်ပါသည်။ အသည်းရောင် အသားဝါ(စီ)ပိုးသည် လေမှတဆင့်မကူးစက်နိုင်ပါ။
ကျန်းမာရေးဝန်ထမ်းများကဲ့သို့ အသည်းရောင်အသားဝါ(စီ)ပိုး ကူးစက်နိုင်ရန် အခွင့် အလမ်းများသည့်သူများမှာ အသည်းရောင်အသားဝါ(စီ)ပိုးမကူးစက်မိစေရန် အထူးသတိ ထားသင့်ပြီး (စီ)ပိုးကူးစက်ခြင်းရှိ/မရှိနှစ်စဉ်စစ်ဆေးနေသင့်ပါသည်။

Comments are closed.

Scroll Up